Posted by : လက်တွဲဖော် Sunday, September 23, 2012

သင်သူ့ကို ဘာကြောင့် ချစ်တာလဲ
သူဟာ ချစ်ဖို့ကောင်းတဲ့ အပြုံးပိုင်ရှင်လား
သူဟာ စတိုင်ကျ လှပလွန်းသူလား
သူဟာ ချမ်းသာကြွယ်ဝ ကားလှလှစီးနိုင်သူလား
သူဟာ ဘွဲ့တွေ အများကြီးပိုင်ဆိုင်ထားသူလား
သူဟာ ချစ်သူတွေ ၀ိုင်းဝိုင်းလည်ပြီး ကြိုက်သူများလို့လား
" တစ်ခုမှ မဟုတ်ပါဘူး ...
သူ့မှာရှိတဲ့ ပိုင်ဆိုင်မှုနဲ့အရည်အချင်းတွေကို လိုချင်တပ်မက်မှုကြောင့် မဟုတ်ပါဘူး
အကြောင်းပြချက်မရှိ ... သူ့ကိုချစ်လို့ချစ်တာပါ " လို့ တော့ မုသားမသုံးပါနဲ့ ....
သူ့ရဲ့ အကြင်နာမျက်ဝန်း ၊ဂရုစိုက်မြတ်နိုးတဲ့ဟန်အမူအရာ ၊နားလည်ယုံကြည်နိုင်လွန်းတဲ့ အသိပညာ စတဲ့ သူ့ရဲ့အဖိုးတန်တဲ့ စိတ်ဓါတ်နဲ့ အမူအကျင့်တွေကို သင်မက်မက်မောမော တန်ဖိုးထားလိုချင်မှုကြောင့်
သင် သူ့ကို ချစ်နေတာပါ ~ ~ ~

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -