Posted by : လက်တွဲဖော် Friday, September 28, 2012

အချစ်ဆိုတာ တကယ်ချစ်မိသွားရင် ချစ်နေဖို့ပဲ လိုအပ်ပါတယ်။။။


မိန်ခလေးတစ်ယောက်က ယောက်ကျားလေးတစ်ယောက်ကို
တကယ်ချစ်မိသွားရင်...
သူတို့ဘ၀ရဲ့ အတွေး စိတ်ကူး အနာဂါတ်ကို သူ့ချစ်သူကို
တ၀က်ပေးအပ်လိုက်တယ် ကျန်တစ်ဝတ်က ကံကြမ္မာကိုပေးအပ်တယ်

ယောက်ကျားလေးတစ်ယောက်က မိန်ခလေးတစ်ယောက်ကို
တကယ်ချစ်မိသွားရင်...
သူတို့ဘ၀ရဲ့ အတွေး စိတ်ကူး အနာဂါတ်ကို သူ့ချစ်သူကို
တ၀က်ပေးအပ်လိုက်တယ် ကျန်တစ်ဝတ်ကို သူတို့ပဲ ဆုပ်ကိုင်ထားတယ်

ဘာလို့လဲဆိုတော့...
မိန်းခလေးတွေက တခါတလေ အပေါ်ယံဟန်ဆောင်မှု့နဲ့
စိတ်ကို တင်းထားတက်ကြပေမယ့် တနေ့နီးစပ်ပါရစေဆိုတဲ့အတွေးနဲ့
အားငယ်လွယ်ပြီး ကံကြမ္မာဆိုတာကို မျှော်လင့်တက်ကြတယ်...

ယောက်ကျားလေးတွေက ဘ၀အတွက် မောပန်းနေပေမယ့်
သူတို့ချစ်သူအတွက် နီးစပ်နိုင်မယ့်တနေ့ကို ကြိုးစားရင်း
ကံကြမ္မာဆိုတာကိုမေ့ထားကြတယ်...


ဘယ်လိုပဲ အတွေးချင်းထပ်တူ မကျနိုင်ပေမယ့်
နှစ်ယောက်စလုံးရဲ့ ဆုံမှတ်က နီးစပ်ဖို့ အတွက်ပါပဲ
ထာဝရ ချစ်မိသူများ မဝေးကွာသောချစ်ခြင်းမှာ ပေါင်းဆုံ နိုင်ကြပါစေ။။။။



♥အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ♥

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -