Posted by : လက်တွဲဖော် Wednesday, August 29, 2012


လူတစ်ယောက်ကို မတော်တဆ ချစ်မိသွားဖို့ လွယ်တယ် ရေရှည်ဆက်ချစ်ဖို့ တော့ ခက်တယ်.. လွမ်းတယ်လို့ ပြောဖို့ ကလွယ်တယ် ရင်ထဲမှာတကယ်ရှိနေဖို့ က ခက်တယ်.. ခဏတဖြုတ်လက်တွဲဖို့ ကလွယ်တယ် တဘ၀လုံးစာလက်တွဲဖို့ တော့ ခက်တယ်.. တာဝန်ဝတ္တရားအရကတိတည်ဖို့ က လွယ်တယ် ရင်ထဲကဆန္ဒပါဖို့ တော့ ခက်ခဲတတ်ပြန်တယ်... သင့်အနားမှာ... ဒီလိုခက်ခဲမှုတွေကို လွယ်ကူတဲ့အရာတွေအဖြစ်သတ်မှတ်ရင်း သင့်ကို ရေရှည်ဆက်ချစ်ပါရစေလို့  တောင်းဆိုနေသူတစ်ဦး ရှိနေပါပြီလား.. တဘ၀လုံးစာလက်တွဲပါရစေလို့  လက်ကမ်းပေးနေသူတစ်ဦး ရှိနေပါပြီလား.. ရင်ထဲကစစ်မှန်တဲ့ဆန္ဒနဲ့  သင့်အနားမှာမခွဲမခွာ အတူရှိနေချင်သူတစ်ဦး ရှိနေပါပြီလား.. ရှိခဲ့မယ်ဆိုရင်.. သင့်အတိတ်ရဲ့ ဝမ်းနည်းမှုတွေကို ခေတ္တရပ်တန့် စေပြီး သူ့ အချစ်ကို သင် နားလည်ပေုးကည့်လိုက်ပါ... သင့်အတိတ်ေုကာင့်ဖြစ်တဲ့စိုးရိမ်စိတ်တွေကို ခေတ္တမျက်ကွယ်ပြုပြီး သူ့ လက်ကိုလှမ်းနိုင်ဖို့  သင်ုကိုးစာုးကည့်လိုက်ပါ.. နာကျင်မှုတွေပေါင်းများစွာနဲ့ ရောပြွမ်းနေခဲ့တဲ့သင့်နှလုံးသားကို ခေတ္တခဏအနားယူုကည့်စေပြီး စိတ်သစ် လူသစ်နဲ့  သူ့ ကို မြတ်နိုးတန်ဖိုးထာုးကည့်လိုက်ပါလား.... သင့်ကမ္ဘာဟာ မုကာခင်မှာပဲ သင်မထင်မှတ်ထားမိလောက်အောင်ကို နေချင်စရာကောင်းလာပါလိမ့်မယ်.. :) -- ဆုဝေဖြိုး

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -