Posted by : လက်တွဲဖော်
Friday, August 24, 2012
အမေဟာအမေပါ။
တုနှိုင်းမရတဲ့အမေလည်းဖြစ်ပါတယ်။
အမေ့ဆုံးမသံတွေက အလင်္ကာမမြောက်ပေမယ့် သဒ္ဒါပေါက်တယ်..။
မွေးကတည်းက (အူဝဲ) ဆိုတဲ့အသံနဲ့အတူ ခြေစုံကန်ပြီး
အတောင်စုံလို ကျောခိုင်းကြတဲ့အထိ ခွင့်လွှတ်ခြင်းပေါင်းများစွာနဲ့
အကြင်နာပေးနိုင်ကြသော အမေများရဲ့ မဟာကရုဏတွေပါ...။
လယ်ကန်သင်းပေါ်က အမေတွေရဲ့ မေတ္တာဟာ ရာဇပလ္လင်ပေါ်က
အမေတွေရဲ့ မေတ္တာထက် ဘယ်တော့မှ လျော့ရိုးထုံးစံမရှိပါဘူး ...။
ရင်ငွေ့ပေးပြီး အချီအထွေးမှာတောင်ပိုပါသေးတယ်... .။
အသွေးအသားကို တိုက်ကျွေးတာလည်း အမေပါပဲ
အဆိုးအနွဲ့ကို ခွင့်လွှတ်တာလည်း အမေပါပဲ
တစ်ချောင်းလိုလက်ညှိုး အတွက် အသက်စွန့်ပြီး သားဆန္ဒ ကို ဖြည့်ဆည်းနိုင်တာလည်း အမေပါပဲ....။
သားသမီးအတွက် အရဲဆုံးသွေးတွေဟာ အမေတွေဆီမှာ သာ ရှိရိုးပါ..။
အပြောင်မြောက်ဆုံးသူရဲကောင်းရဲ့ သတ္တိဟာ ပညာအမဲ့ဆုံး အမေ့သတ္တိကို မကျော်နိုင်ပါ။
အမေဟာသားသမီးအတွက်
အစွန့်လွှတ်နိုင်ဆုံး၊
ကြင်နာမှု အမျှဝေနိုင်ဆုံး၊
အဆုံးစွန်ထိပေးဆပ်နိုင်ဆုံး.......... မဟာကရုဏရှင်ပါ။
အမေ ....... သားအမေ့ကို ချစ်တယ် ...
Post a Comment