Posted by : လက်တွဲဖော်
Thursday, August 30, 2012
သနားချစ်လေးပေးပါ
ဝေးမှာစိုးကြောက် အနားရောက်စေ
အနားနေမှ သဘောထားပြောင်း
နားလည်မှုစောင်းသွား ပိုဝေးသွားတယ်ထင်ပါတယ်။
မုန်းမှာစိုးနေ ပိုချစ်လေအောင်
ကြံဆောင်ခါပြု ယုယကြင်နာ
များစွာပေးမိ သာယာမှု့မသိ
အမုန်းရှိနေ ပြုလေသမျှ
အမုန်းရနေ ချစ်ကံခေတယ်
ဆိုမယ်ထင်သား ချစ်လျှင်အကျိုး
မုန်းလျှင်အပြစ် မြတ်နိုးတော့သဒ္ဒါ
ယုံကြည်လာမိ ချစ်လာစေခက်
အမုန်းဖက်လွယ် ပြုံးသက်လှယ်ရယ်
နွယ်လိုမရစ် ဒီအဖြစ်အင်
သံယောဇဉ်တန်း ရှင်ခန်းမပြတ်
တရစပ်ဖြစ် သနားချစ်လေးပေခဲ့ပါနော်။။
Post a Comment