Posted by : လက်တွဲဖော် Thursday, August 9, 2012


သင့်ကိုသိပ်ချစ်တဲ့ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင် သူ့ ကို ဘယ်တော့မှ နာကျင်အောင်မလုပ်ပါနဲ့  သူကကြင်နာတတ်တဲ့ချစ်သူဆိုရင် အာရုံစူးစိုက်မှုရှိအောင် သင်က ထိန်းသိမ်းပေးရမယ် အာရုံစူးစိုက်မှုရှိတဲ့ချစ်သူဆိုရင် တိုးတက်လိုစိတ်ရှိအောင် သင်က တိုက်တွန်းပေးရမယ် တိုးတက်အောင်ကြိုးစားနေတဲ့ချစ်သူဆိုရင် သူအောင်မြင်လာတဲ့နေ့ ရောက်အောင် သင်က စောင့်ဆိုင်းနိုင်ရမယ် သင့်ဘက်ကလည်း အချစ်ကို တာရှည်ခိုင်မြဲစေတဲ့ ယုယကြင်နာမှု အချစ်ကို ချိုမြိန်စေတဲ့ စိတ်ချင်းဖလှယ်မှု အချစ်ကို နွေးထွေးစေတဲ့ ဂရုစိုက်မှု အချစ်ကို ပျော်ရွှင်ချမ်းမြေ့စေတဲ့ ရိုးသားပွင့်လင်းမှု ပြန်ပေးနိုင်ရမယ် ဒါပေမယ့် ချစ်သူကို စိတ်အနာတရဖြစ်အောင်တော့ မလုပ်မိပါစေနဲ့  အရမ်းစိတ်နာကျင်အောင်လုပ်မိတဲ့အခါ သင့်ကို ဘယ်လောက်ချစ်ချစ် စွန့် ပစ်သွားနိုင်ပါတယ် တကယ်တော့ အချစ်မှာ ယုံကြည်မှုပေးနိုင်သူတစ်ယောက် နဲ့  နားလည်မှုပြန်ပေးနိုင်သူတစ်ယောက်ပဲ လိုအပ်တာပါ ဒီလိုသာ ယုံကြည် ၊ နားလည်မှုတွေနဲ့  အချစ်စစ်မှန်သွားခဲ့ရင် နေ့ တိုင်းဟာ ချစ်သူများနေ့  ဖြစ်နေမှာပါ ...

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -