Posted by : လက်တွဲဖော်
Monday, August 20, 2012
အရင်က အိမ်ထောင်ရေးဆိုတာ... တစ်သက်တာ လက်တွဲနိုင်မလားဆိုတာနဲ့ စဉ်းစားကြတယ်.... အခုခေတ်မှာတော့ ဘယ်လောက်ကြာကြာ လက်တွဲနိုင်သလဲ ဆိုတာပဲ ကြည့်ကြတယ်....
လက်မထပ်ခင် ပြောသမျှ နားဝင်ချိုတယ်....လက်ထပ်ပြီးတဲ့အခါ ပြောသမျှ တစ်ဖက်သတ်ဆန်တယ်လို့ပဲထင်တယ်....
လက်မထပ်ခင်မှာ စကားကို တိုးတိုးညင်ညင်သာသာ ပြောတယ်...လက်ထပ်ပြီးတဲ့အခါ... အသံကျယ်ကြီးနဲ့ အော်ပြောတယ်...
လက်မထပ်ခင် လိမ်ညာစကားတွေက အချစ်စကားတွေ ဖြစ်တယ်... လက်ထပ်ပြီးတဲ့အခါ အချစ်စကားတွေအားလုံးက လိမ်ညာစကားတွေ ဖြစ်ကုန်တယ်....
လက်မထပ်ခင် နည်းနည်းချင်း အတူတူ နီးစပ်လာဖို့ ကြိုးစားတယ်.... လက်ထပ်ပြီးတဲ့အခါ ဝေးဝေးနေဖို့ အားထုတ်တယ်...
လက်မထပ်ခင် သူနဲ့ ပတ်သက်သမျှ အားလုံး ကြည့်ကောင်းနေတာတွေချည်းပဲ... လက်ထပ်ပြီးရော...ကြည့်လို့ကို မရတော့ဘူး.....
လက်မထပ်ခင် အချစ်ဆိုတာ...ထူးဆန်းတဲ့အရာဖြစ်တယ်.... လက်ထပ်ပြီးရော အချစ်က ရယ်စရာ ဖြစ်တယ်....
ယောက်ျားလေးတွေ ပိုက်ဆံသုံးတယ်ဆိုတာ သူ့အိမ်ထောင်ဘက် ၀မ်းသာပျော်ရွှင်စေဖို့ ဖြစ်တယ်.... မိန်းကလေးတွေ ပိုက်ဆံသုံးတာကတော့ သူ့ခင်ပွန်းက သူမကို စိတ်ဆိုးအောင် လုပ်မိလို့ပဲဖြစ်တယ်.....
လက်မထပ်ခင် ယောက်ျားလေးတွေက ချစ်သူကို စားသောက်ဆိုင်မှာ စောင့်တယ်.... လက်ထပ်ပြီးနောက် မိန်းမဖြစ်သူက ယောက်ျားကို ထမင်းစားခန်းထဲက စောင့်တယ်...
အရင်က လူတွေ လက်ထပ်တယ်ဆိုတာ တစ်ဘ၀စာ ရည်ရွယ်တယ်.... အခုခေတ် လက်ထပ်ခြင်းကတော့ တခဏတာ အိမ်ထောင်ရေးတွေ များတယ်.....
မိန်းကလေးတွေရဲ့ မှတ်ဥာဏ်ဟာ လင်မယား ရန်ဖြစ်တဲ့ အချိန်မှာ အကောင်းဆုံး ပေါ်ထွက်လာပြီး ယောက်ျားလေးတွေရဲ့ သည်းခံစိတ်ကတော့ လက်ထပ်ပြီးနောက်မှာ သိသိသာသာ လျော့နည်းလာတတ်တယ်....
လက်ထပ်ချင်တယ်ဆိုတာ...ကိုယ်တိုင် ရပ်တည်နိုင်တယ်လို့ ယူဆတဲ့ အတွက်ဖြစ်တယ်.....
လမ်းခွဲဖို့ စဉ်းစားတာကတော့ တစ်ယောက်တည်း ရပ်တည်တာပဲ ကောင်းတယ်လို့ ယူဆမိလို့ ဒါမှမဟုတ် သားသမီးတွေ အရွယ်ရောက်လာလို့ပဲ ဖြစ်တယ်.....
ပျော်ရွှင်ရုံ သက်သက်ပါ....
(ဇေယျာ)
Post a Comment