Posted by : လက်တွဲဖော် Thursday, March 22, 2012

နင့်နဲ့ အဝေးဆုံးမှာ ရှိနေတဲ့အချိန် နင်ငါ့ကို အပြစ်မတင်ပါနဲ့ နင့်အနားမှာ ရှိနေတာကို မလိုလားဘူးထင်လို့ပါ....။ နင်နဲ့ အကြည့်ချင်ဆုံတိုင်း ရှောင်လွှဲတတ်တဲ့ ငါကို အပြစ်မတင်ပါနဲ့ စူးရှတောက်ပတဲ့ နင်မျက်ဝန်းတစုံကို ရင်ဆိုင်နိုင်စွမ်းမရှိသေးလို့ပါ.....။ နင့်ကိုတွေ့တိုင်း နှုတ်ဆိတ် နေတဲ့ ငါ့ကို အပြစ်မတင်ပါနဲ့ နင်ပြောနေကျ မလှပတဲ့ငါ့အကြောင်းတွေ နားထောင်နိုင်စွမ်း မရှိသေးလို့ပါ....။ နင်ပျော်မြူးနေတဲ့အချိန်တိုင်း တားဆီးတတ်တဲ့ ငါကို အပြစ်မတင်ပါနဲ့ နင်အပျော်တွေလွန်ပြီး မှားခဲ့မှာ စိုးလို့ပါ.....။ နင်စိတ်မကြည်မလင် ဖြစ်တဲ့အချိန်တိုင်း ဟာသတွေပြောနေတဲ့ငါ့ကို အပြစ်မတင်ပါနဲ့ ငါပြောတာတွေ နားထောင်ပြီး နင်ကိုပျော်ရွှင်စေချင်လို့ပါ.....။ နင်ဖြစ်ချင်တဲ့ကိစ္စအချို့ကို အရာထင်အောင်မလုပ်နိုင်တဲ့ ငါ့ကို အပြစ်မတင်ပါနဲ့ ငါ့ဦးနှောက်ထဲမှာ နင်ကလွှဲလို့ ကျန်တာဘာမှ မရှိတော့လို့ပါ....။ နင်ပြောနေကျ အခြားသူတွေကို အထင်မကြီးတတ်တဲ့ ငါ့ကို အပြစ်မတင်ပါနဲ့ အဖြူထည်နင့်ဘ၀ကို အရောင်တွေစွန်းတော့မယ် ဆိုတာ ငါသိနေလို့ပါ....။ နင့်ကိုချစ်ရေးဆိုနေတဲ့ လူတိုင်းကို အမြင်မကြည်ခဲ့တဲ့ ငါ့ကိုအပြစ်မတင်ပါနဲ့ အဲလူတွေ က ငါ့လောက်နင့်ကို ချစ်နိုင်မယ် မထင်လို့ပါ.....။ နင်မုန်းတယ်လို့ပြောတိုင်း နောက်မဆုတ်ခဲ့တဲ့ ငါ့ကို အပြစ်မတင်ပါနဲ့ နင်ကလွဲလို့ ဘယ်သူ့ကို မှ ချစ်မရခဲ့လို့ပါ....။ မိန်းကလေးရေ ...ဒါတွေကိုသာ နင်သိခဲ့ရင် ငါ့ကိုအပြစ်မတင်ပါနဲ့ အရာအားလုံးထက်ငါက နင့်ကို ပိုချစ်နေလို့ပါ....။ ငဖြိုး

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -