ဘ၀ကခါးတော့ ငါ့ကိုယ်ငါ သံပတ်ပေးရင်း စိတ်ကူးတွေ အံချော်ခဲ့ရ… ကြယ်ကြွေတွေ လိုက်ကောက်ပြီးကာမှ အိမ်မက်တွေပေါက်နေမှန်း အသိနောက်ကျခဲ့သူ ငါ့နှလုံးသားက ဒီနတ်ဆိုးလေးရဲ့ ကျိန်စာတွေအောက်မှာ ကိုယ်ယောင်ဖျောက်ပြီး ရှောင်နေတာတောင် မလွတ်မြောက်တော့ဘူးလား ငါ့စိတ်ကူးတောက်လျှောက်မှာလည်း မင်းလက်သည်းမှန်မှန်ညှပ်ရဲ့လားဆိုတဲ့ အတွေးတွေ… အရိပ်ထိုးနေပြီ မင်းရယ်ပြုံးလိုက်ရုံနဲ့ ငါ့စိတ်တွေ ကပိုကရို ရောင်စဉ်တွေ ပြိုပြိုကျတာ ဒါ… မတရားဘူး ကဲပါလေ… ငါမြတ်နိုးရတဲ့ အဲဒီသွားတက်လေးတွေနဲ့ပဲ အိမ်မက်ထဲထိအောင် ပြုစားစမ်းပါ ငါ့ကိုက………… မလိုဘူး နာရီတွေ မလိုဘူး နှစ်ကာလတွေ မလိုဘူး နေရာဒေသတွေ မလိုဘူး …… …… မလိုဘူး တကယ်ဆို ဘယ်ဘက်ကောင်းကင်ဘုံထဲက သစ္စာတရားကိုသာ ငါလိုရဲ့ …… တသက်စာ (သို့) တသက်တာ မဖြစ်နိုင်ဘူးဆိုရင် မပျိုးပါနဲ့ ခုကတည်းက အတိုးချပြီး လွမ်းပါ့မယ် ငါ့လမ်းတွေကြမ်းချင်ကြမ်းပါစေ ကြက်ခြေခတ်တွေနဲ့တော့ မစိမ်းလန်းချင်ဘူး။ ။ ဒီကဗျာလေးက ကဗျာဆရာမ Seven ရဲ့ ကဗျာလေးပါ
Post a Comment