Posted by : လက်တွဲဖော် Saturday, March 24, 2012

နှုတ်တစ်ရာ စာတစ်လုံးမို့ ချစ်တာကို စာစီကုံးမိတယ်...။ ဝေဒနာတွေ ဖြေသာစရာရှားပါးသူမို့ အမုန်းမလို အပြုံးသာဆို ချစ်ပိုလွန်ကဲ တစ်ယောက်ထဲအမြဲ အသည်းထဲပစ် စွဲလမ်းချစ်မယ် ယုံလိုက်ကွယ်......။ အပျော်ချစ်ကာ အဖော်အသစ်မရှာဘဲ ကျွန်တော်သစ္စာထားပါ့မယ် ချစ်တာကို အပြစ်မရှာပါနဲ့လား အသည်းရယ်....။ မခွဲတမ်းတစ်သက် စွဲလမ်းလျက်မို့ အမြဲတမ်းမပျက် စကားဆိုချင်လည်း အကြွားပိုတယ်ထင်မှာစိုးသမို့ နှုတ်တစ်ရာ စာတစ်လုံး ချစ်တာကို စာစီကုံးလိုက်တော့တယ် ကိုယ် မင်းကို အရမ်းချစ်တယ် အချစ်ရယ်........။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -