Posted by : လက်တွဲဖော်
Tuesday, March 20, 2012
လေလှိုင်းထဲကသူငယ်ချင်းတို့ရေ
နိုင်ငံတွေဝေး
အနေဝေးလို့
တိုင်းတပါးကိုရောက်နေတွေ
နိုင်ငံတခုထဲမှာနေပြီး
ဒေသတခုစီကွဲနေသူရော
လေလှိုင်းတခုကိုအခြေပြု
ဆုံစည်းရာဒီနေရာလေးက
ချစ်သူမြို့တော်လေးတခုပါ
အဖြူရောင်သံယောဇဉ်လေးတခုကိုအခြေပြု
တယောက်ရဲ့ရင်ထဲကခံစားချက်
တယောက်ကစာနာသနား
အားနည်းသူအားပေးရင်း
လမ်းမှန်ကိုရောက်အောင်
ဖေးမလို့ကူညီကွယ်
သံယောဇဉ်ထပ်တိုးလို့
ရင်ဘတ်ချင်းစကားပြောလို့
အကြင်နာပိုချစ်ခင်မိကြရင်လဲ
သစ္စာတော့ရှိကြပေါ့
စစ်မှန်တဲ့ရင်ခုန်သံဟုတ်မဟုတ်တော့
အချိန်တခုတော့စောင့်ကြည်ကွယ်
ရင်ထဲကစကားသံ
စစ်မှန်မှချစ်ကြနော်..။
စစ်မှန်တဲ့ချစ်ခြင်းနဲ့ချစ်နိုင်ကြပါစေ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
Post a Comment