Posted by : လက်တွဲဖော် Thursday, March 8, 2012

♥..နည်းနည်းလေးပဲ လွမ်းနေလို့..♥ ♥..နွမ်းလျလျ ဖြစ်နေတဲ့ မနေ့တနေ့က ဇာတ်လမ်းလေးပါ အိပ်ပျက်နေတဲ့ ညချမ်းလေးမှာ ခပ်လှမ်းလှမ်းက ၀င်လာတဲ့ ကောင်မလေးတစ်ယောက်ကို တမ်းတမ်းတတဖြစ်နေမိလို့....♥ ♥..သိပ်ပြီးတော့ မခမ်းနားပါဘူး နှလုံးသားကန္တာရကျွန်းမှာ နည်းနည်းလေးပဲ လမ်းသလားမိတာ အခု ၀ဲတဲတဲလေးလွမ်းနေရလို့ပါ..♥ ♥..စမ်းရေလိုပါပဲ အေးမြလှတဲ့ သူ့အပြုံလေးက ရင်ခုန်သံတွေကို ပြာကျစေလောက်တဲ့ နောက်ဆုံး နှုတ်ဆက်စကားလေးကို သူပြောသွားလိုက်တာ လွမ်းနေရတဲ့ တွံတေး သီချင်းလေးတောင် ငါ့ကို ကြည့်ပြီးတော့ ၀မ်းနည်းပါတယ်ကောင်လေးရယ်တဲ့.... သြော်.... ငါ့အချစ်က သူ့အတွက် မခမ်းနားလို့ဖြစ်မှာပါလေ....♥

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -