Archive for March 2013

သင့်အပေါ် နားလည်မှုရှိတဲ့ သူက သင့်ရဲ့ အားနည်းချက်ကို ကြည့်ပြီး ချစ်တယ်...

သင့်အပေါ် နားမလည်တဲ့သူက သူ့ ရဲ့ လိုအပ်ချက်ကို ကြည့်ပြီး ချစ်တယ်....

သင့်ကို နားလည်သူက ကိုယ်ချင်းစာစိတ်နဲ့ နူးညံ့စွာ ချစ်တဲ့အတွက် သင် ကံကောင်းတယ်...
သင့်ကို နားမလည်သူက အတ္တနဲ့  ကြမ်းတမ်းစွာ ချစ်တဲ့အတွက် သင် ပင်ပန်းရတယ်...

တကယ်တော့ ဒီလောကမှာ....
အချစ်ထက် နားလည်မှုကို ရရှိဖို့ ပိုခက်ခဲပါတယ်...

သင့်အပေါ် နားလည်မှုရှိတဲ့ သူ

Posted by : လက်တွဲဖော် 0 Comments
ငါ့အတွက် ကြီးကျယ်ခမ်းနားတဲ့ အိမ် အလိုမရှိဘူး

ငါလိုချင်တာ ငါ့တစ်နေရာစာ နားခိုခွင့်ရှိတဲ့ နွေးထွေးတဲ့ နင့်ရဲ့ရင်ခွင်ကျယ်


ငါ့အတွက် တန်ဖိုးကြီးတဲ့ ကားတွေလည်း အလိုမရှိဘူး

ငါလိုချင်တာ ဘ၀ခရီး ဘယ်လောက်ကြမ်းကြမ်း လက်တွဲ မဖြုတ်မဲ့ နင့်ရဲ့ လက်တစ်စုံ


ငါ့အတွက် ရွှေငွေတွေ အလို မရှိဘူး

ငါလိုချင်တာ ယိုင်လဲနေချိန် မှီခိုစရာ နင့်ရဲ့ ပုခုံးတစ်စုံ



တကယ်တော့ ပစ္စည်းဥစ္စာဆိုတာ လူက လုပ်ယူလို့ ရတဲ့ အရာတွေပါ

စည်းစိမ်ပေါ်မှာနေပြီး စိတ်ဆင်းရဲနေမယ့်အစား

စည်းစိမ်မရှိလည်း အမြဲမခွဲ ဘ၀ရဲ့ နေ၀င်ချိန်အထိ သစ္စာရှိနေပေးမယ့်

နင်သာရှိရင်ငါ့အတွက် ပြည့်စုံပါတယ် ချစ်သူရယ်




**M@Y**

ငါ့အတွက်

Posted by : လက်တွဲဖော် 0 Comments
တချို့ တွေက ချစ်လျှက်နဲ့ ကွဲကြတယ်
မာနကတွေ ကိုရှေ့မှာထားလို့ လေ....။

တချို့ ကျ ကွဲလျှက်နဲ့ ချစ်ကြတယ်
သံယောဇဉ်ကို ရှေ့မှာထားလို့ လေ...။

တချို့ ကျတော့လဲ မုသားတွေကြောင့်
ကွဲခဲ့ကြတယ်..............................။

တချို့ ကျတော့လဲ မဆုံစည်းနိုင်မှန်
သိရက်နဲ့  နားလည်မှုနဲ့  ခိုင်မြဲကြတယ်။

ဒါပေမဲ့ ...

ဘယ့်လို တွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့
ဘ၀ဆိုတာထပ်တူပါပြီးသားလေ..။

တချို့ တွေက

Posted by : လက်တွဲဖော် 0 Comments
အထီးကျန်ခြင်းက
အနားမှာဘယ်သူမှမရှိလို့ဖြစ်တယ်

အနားမှာလူတွေရှိရက်နဲ့အထီးကျန်ခြင်းက
တစ်စုံတစ်ယောက်ကိုမင်းလွမ်းနေလို့ဖြစ်တယ်

ပျော်စရာတွေရှိနေရက် လူတွေလည်းအနားမှာနေရှိရက်နဲ့
အထီးကျန်နေရင် သေချာတယ်
မင်းသူ့ကိုသိပ်သတိရနေတယ် ။ ။




ခင်မင်လျက်
ကောင်ကလေး
04-03-13,11:38Pm

အထီးကျန်ခြင်း

Posted by : လက်တွဲဖော် 0 Comments
ငါ့ဘဝရဲ့ပျော်ရွှင်စရာတွေနဲ့ကြုံ
လာရတဲ့အခါအရင်ဦးဆုံးသတိရ
မိတာ မင်းပါ...

အားငယ်မှုတွေကြုံတွေ့လာတိုင်း
ကြားချင်ဆုံးစကားကမင်းဆီက
"အရမ်းချစ်တယ်"ဆိုတဲ့စကားပါ

အခုဒီကဗျာလေးရေးနေတာ
တောင်မင်းကိုသတိရနေတာပါ

ငါတို့နှစ်ယောက်ဘယ်လောက်
ပဲအဆင်မပြေဖြစ်ခဲ့ဖြစ်ခဲ့ဘယ်
တော့မှလက်တွဲမဖြတ်ကြေးနော

ငါ့ရင်ထဲက အချိုမပေါ့...
အလေးမခိုး...
ရေမရောပဲ
စကားတခွန်းပြောမယ်...
"မင်းကိုယ်အရမ်းချစ်တယ်"
ချစ်သူ...





phoe phyu

အခုဒီကဗျာလေး

Posted by : လက်တွဲဖော် 0 Comments
ငါ့ကို ချစ်တယ် ပြောပီး တစ်ခြားသူတစ်ယောက်ကို
မျှော်လင့်မနေပါနဲ့ လား ချစ်သူ..........


ငါ့ ရင်ခွင်ထဲမှာ ခိုနားပီး တစ်ခြားသူတစ်ယောက်ကို
လွမ်းမနေပါနဲ့ လား ချစ်သူ...........


ငါ့ကို လက်တွဲမယ်ပြောပီး တစ်ခြားသူတစ်ယောက်ကို
အနာဂတ် စိတ်ကူးတွေထဲမှာ ပုံမဖော်ချင်ပါနဲ့ လားချစ်သူ.......


နင့်အချစ်တွေကို ပိုင်ဆိုင်နေရပေမဲ့ ငါ ဘယ်လောက်ထိ
ရင်နာနေမလဲဆိုတာတစ်ခါလောက်စဉ်းစားကြည့်ပေးပါလားချစ်သူရယ်........








khin myo aye

ငါ့ကို ချစ်တယ်

Posted by : လက်တွဲဖော် 0 Comments

တချို့ လူတွေက ခက်ထန်ချင်ယောင်ဆောင်ပြီ
တကယ်စိတ်ထဲမှာ တခုခုဆို စိတ်အားငယ်တတ်တယ်။ဘယ်သူမှ မသိအောင် ဖုံးကွယ်တတ်ကြတယ် ။




✂ တချို့ လူတွေက လူတစ်ယောက်ကို တကယ်ချစ်နေရက်သားနဲ့ တကယ်မချစ်သလို ဟန်ဆောင်တတ်တယ် ဘယ်သူမှမသိအောင် ဖုံးကွယ်တတ်ကြတယ် ။





✂ တချို့ လူတွေက နှုတ်ခမ်းတွေ ပြုံးနေပေမယ့်
မျက်ဝန်းတွေက မျက်ရည်အငွေ့တွေဖွဲ့နေတာ ဘယ်သူမှမသိအောင် မသိအောင် ဖုံးကွယ်တတ်ကြတယ်။





ချစ်သူ..........

✂ ငါလဲ နင်ကို ချစ်လို့ တခုခုဆို စိတ်အားငယ်တတ်တာ ၊ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကြောင့် ငိုတတ်တာ၊ နင်ကို ချစ်တာကို ဟန်မဆောင်တတ်တာတွေကို ဖုံးကွယ်တတ်ခဲ့ရင် အရမ်းကောင်းမယ်။





✿✿✿ Poem ✿✿✿

တချို့ လူတွေက

Posted by : လက်တွဲဖော် 0 Comments
ချစ်သူနှစ်ယောက် စိတ်ဆိုး..စိတ်ကောက်ကျတဲ့
အချိန်ဆို ကိုယ်စီ မာနလေးတွေနဲ့ တော့ သူအရင်
ခေါ်မလားဆိုတာလေးကို မျှော်လင်းရင်းစောင့်နေ
တတ်ကျတယ်..........



အရင်ပြန်ခေါ်တဲ့သူက ပိုချစ်တဲ့သူဆို ငါက အမြဲတမ်း
ငါ့ မာနလေးကိုချိုးနှိမ်ပီး နင့်ဆီအရင်ဆက်သွယ်မိတယ်လေ
ငါ နင့်ဆီမဆက်သွယ်မချင်း ငါ့ ကိုပစ်ထားတတ်တာ
ငါ ချစ်သလောက် နင်က မချစ်လို့ ပေါ့နော်............



ငါ မစဉ်းစားချင်ပါဘူး ချစ်သူ နင်က င့ါလောက် ချစ်တာ
မချစ်တာထက် ငါကတော့ နင်နဲ့ ဝေးနေရတဲ့ အချိန်ခဏလေးမှာ
တောင်အရမ်းကို ခံစားရလွန်းလို့ ငါ ဘယ်လိုမှ မနေတတ်ခဲ့ဘူး
ချစ်သူ........... ကျေးဇူးပြုပီး ငါနဲ့ အဝေးဆုံးကို ထွက်ပြေးဖို့ 
တော့ မကြိုးစားလိုက်ပါနဲ့ နော် ချစ်သူ..............







khin myo aye

ချစ်သူနှစ်ယောက်

Posted by : လက်တွဲဖော် 0 Comments
▶ချစ်သူ
••• ♥ •• ♥ •••
နင့်ကို အရမ်းချစ်လို့  စတဲ့ နောက်တဲ့အခါ မငြိုငြင်ပါနဲ့ ဟာ...
နင်စိတ်တိုတာလေးက အရမ်းချစ်ဖို့ ကောင်းလို့ ပါ .. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင်နေမကောင်းဖြစ်တဲ့အခါ ငါ ဒေါသဖြစ်ပြီး အော်ငေါက်တဲ့ အခါ မငြိုငြင်ပါနဲ့ ဟာ...
နင် နေမကောင်းဖြစ်တဲ့အခါ မတွေ့ ရတဲ့ရက်တွေက ငါ့အတွက်ပူလောင်လို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင် ခဏခဏ စိတ်မကောက်ပါနဲ့ ဟာ ...
နင် စိတ်ကောက်ပြီး မခေါ်မပြောပဲနေတဲ့အခါ ငါအရမ်းဝမ်းနည်းလို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
Facebook ပေါ်မှာ Photos တွေခဏခဏ မတင်ပါနဲ့ ဟာ...
နင့် ပုံကို ငါမဟုတ်တဲ့အခြားသူတွေက ချစ်ဖို့ ကောင်းတယ်ဘာဘာညာညာပြောရင် ငါမုန်းလို့ ပါ.. ..
▶ချစ်သူ
••• ♥ •• ♥ •••
အွန်လိုင်းမှာ ငါမရှိတဲ့အခါ ဘယ်သူနဲ့ မှမချက်ပါနဲ့ ဟာ...
နင် ငါမဟုတ်တဲ့အခြားသူတွေနဲ့ စကားတွေပြောရင် ငါအရမ်းသဝန်တိုလို့ ပါ...
▶ချစ်သူ
••• ♥ •• ♥ •••
ငါ့အပေါ်မှာ မကျေနပ်ချက်တဲ့ ရှိတဲ့အခါပြောပြပေးပါ ဒီလိုကြီးတော့ပစ်မထားပါနဲ့ ဟာ...
ငါက နင့်အတွက် အကောင်းဆုံးတွေကို ဖြစ်စေချင်လို့ ပါ.. .. ..

▶ချစ်သူ
••• ♥ •• ♥ •••
နင်တွဲထားတဲ့ ငါ့ရဲ့ လက်ကလေး ကို ဘယ်တော့မှ လွှတ်ဖို့ မတောင်းဆိုပါနဲ့ ဟာ...
နင်မရှိရင် မဖြစ်တဲ့ဘဝမှာ ငါမရှင်သန်ချင်လို့ ပါ.. .. ..
နင်ပြောသမျှ ရေစီးကြောင်းကတိစကားလေးတွေက ဘာနဲ့ မှဖြတ်တောက်လို့ မရနိုင်ဘူးလို့ ...
ငါ ဘဝနဲ့ ရင်းပြီး ယုံကြည်ထားရင်း နင့်ရဲ့ ဘေးမှာပဲ နေ့ ရက်တွေကို ကုန်ဆုံးခွင့်ပြုပါ...
••• ♥ •• ♥ ••• ErOs KiKi ••• ♥ •• ♥ •••

ချစ်သူ

Posted by : လက်တွဲဖော် 0 Comments
✂ နင်နဲ့ ပတ်သက်ရင်
ဘာဟန်ဆောင်မှုမှ မသုံးခဲ့ပါဘူး ။
ငါမာနတွေကို ငါကိုယ်တိုင်ရိုက်ချိုးခဲ့သူပါ......♨❤♨


✂ နင်နဲ့ပတ်သက်ရင်
အရာရာကို အလျှော့ပေးတတ်ခဲ့တာ ။
ငါသိက္ခာကို ငါကိုယ်တိုင် မေ့ထားခဲ့သူပါ......♨❤♨



✂ နင်နဲ့ ပတ်သက်ရင်
ဘာဖြစ်ဖြစ် ခွင့်လွတ်ပြီ နာကျင်စေမယ့် စကားတွေကို
လွယ်လွယ်နဲ့ မေ့ပြစ်တတ်ခဲ့တာ။
ငါအမှတ်မရှိသူတစ်ယောက်လို ငါစိတ်ဓာတ်ကို ငါကိုယ်တိုင် အသေသတ်ခဲ့သူပါ......♨❤♨


✂ နားလည်ပေးပါလို့ မပြောပါဖူး
နင်ကို အရူးအမူးချစ်သမျှ
ခပ်မှိန်မှိန် အတ္တတချို့တောင် မထားနိုင်တဲ့
ငါအချစ် နင်တနေ့ နင်သိပါစေ......♨❤♨





✿✿✿ Poem ✿✿✿

နင်နဲ့ ပတ်သက်ရင်

Posted by : လက်တွဲဖော် 0 Comments
ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုထားခဲ့ခြင်းခံရတဲ့
သူတွေအတွက်တော့ အချစ်ဆိုတာ စွန့် လွှတ်ခြင်းတဲ့........

ကိုယ်ချစ်တဲ့သူကို အကြောင်းအမျိုးမျိုးကြောင့်
စွန့် လွှတ်လိုက်ရတဲ့ သူတွေအတွက် အချစ်ဆိုတာ
ပေးဆပ်ခြင်းတဲ့..........

ကိုယ့်ချစ်သူကို ပိုင်ဆိုင်နေရတဲ့ သူတွေအတွက်တော့
အချစ်ဆိုတာ ကံကောင်းခြင်းတဲ့.......

အချစ်ကိုဘယ်လိုပဲ ဖွင့်ဆိုနေကျပါစေ... စွန့် လွှတ်လိုက်ရတဲ့
သူပဲဖြစ်ဖြစ်...ပေးဆပ်နေရတဲ့သူပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို
ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်တော့ ပိုင်ဆိုင်ချင်ကျတာပဲမဟုတ်လား......






khin myo aye

ကိုယ်ချစ်တဲ့သူက

Posted by : လက်တွဲဖော် 0 Comments
အလွယ်တကူ တခြားသူအပေါ် ကောင်းတာတွေ မဖြစ်စေနဲ့ ။
ဘာကြောင့်လဲဆိုတော့ ...
တခြားသူတွေက သင့်ရဲ့ကောင်းတာလေးတွေကို
အပေါစား အညံ့စားလို့ ထင်နေပြီး တန်ဖိုးမထားတတ်မှာစိုးလို့ ပါ ...

Credit - Jin Li Chao

အလွယ်တကူ

Posted by : လက်တွဲဖော် 0 Comments
ယောက်ျားလေးအတွက်

ကျွန်တော်မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာမျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ်ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။

မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ကုလားစား၊ စသည်ဖြင့် ပြောင်းလဲချက်ချက်လား။ ရတယ်။ ဒီကိစ္စမှာသူမကို လုံးဝလွတ်လပ်ခွင့်ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်းသန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကားနားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆိုနောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။




တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................


Credit - Original Writer

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

ယောက်ျားလေးအတွက်

Posted by : လက်တွဲဖော် 0 Comments
✂ မထင်မှတ်ပဲ ရောက်လာတဲ့ အလွမ်းတွေကို
ဘာနဲ့ တားဆီးပြီ မလွမ်းပါနဲ့လို့ ပြောရမှာလဲ


✂ ကြေကွဲသံစဉ်တွေကို မုန်းတတ်တဲ့ ငါအတွက်
အချစ်ကြောင့် ပျော်ရွှင်ရတာမှ မကြာသေးဖူး
အလွမ်းသံစဉ်တွေ နားထောင်ရင် ဘာကြောင့် လွမ်းတတ်နေရတာလဲ


✂ တိတ်တဆိတ် တိုးဝင်လာတဲ့ လေညင်းလေးတိုက်ခိုက်တဲ့ အချိန်တောင် ငါသူအကြောင်း စဉ်စားရင် လွမ်းတတ်နေပြီ
သေချာတယ် ချစ်သူငါလဲ စိတ်ကူတွေ ယဉ်နေတတ်ပြန်ပြီ ထင်တယ်


✂ နီးစပ်ခွင့် ဘယ်အချိန်ရောက်လာမှန်းမသိတဲ့ ငါတို့နှစ်ယောက်ဘ၀အတွက် ဘယ်အချိန် ဘယ်နေရာရောက်ရောက် ငါတို့ ရင်ထဲအမြဲချစ်ကြမယ်နော်ချစ်သူ



✿✿✿ Poem✿✿✿

နီးစပ်ခွင့်

Posted by : လက်တွဲဖော် 0 Comments
အွန်လိုင်းအချစ်နဲ့ပတ်သက်တဲ့စိတ်ပျက်စရာအချို့

အချိန်အကုန်ဆုံးအလုပ်- အွန်လိုင်းမှာပဲချစ်သူဖြစ်ရခြင်း
( ဘာမှမထိရ မတွေ့ရအတော်အချိန်ကုန်တာ)

စိတ်ပျက်ရဆုံးအလုပ်
ဘာမှရှင်းပြစရာမရှိတာကို ထပ်ခါတလဲလဲရှင်းပြနေရခြင်း
အပြင်မှာရှင်းလျှင်တခွန်းတည်းနဲ့ပြီးသော်ငြားဖုန်းနှင့်ကျ
အာပေါက်မတတ်ပြောနေရခြင်း

အရှုံးဆုံးအလုပ် - အွန်လိုင်းကနေပဲနှစ်ရှည်လများချစ်ပြီး
နောက်ဆုံးပြတ်သောအခါ ရည်းစားတစ်ယောက်ပြတ်သည်ဟုနာမည်ဆိုးကျန်ခြင်း
( အမှန်ကတွေ့ချိန်က တလတောင်မပြည့်)

အပြင်မှာတွေ့ရှင်းလျှင်ပြေလည်သွားမည်ဖြစ်သော်လည်မတွေ့ရသောကြောင့်ပြဿနာများအဆမတန်ကြီးထွားသွားခြင်း

အလုပ်မှပင်ပန်း၍နားချင်သော်လည်း မနားနိုင်ပဲ
လိုင်းပေါ်တက်ရခြင်း စကားပြောစိတ်မပါသောကြောင့်
ရန်ဖြစ်ရခြင်း ပင်ပန်းတာရော ရန်ဖြစ်တာရောပေါင်းသော် သေချင်စိတ်ပါဖြစ်လာခြင်း

သတိရသည် လွမ်းသည် ဘယ်လိုပဲပြောပြော
အကြားအာရုံဖြင့်သာသိပြီးတခြားဘာမှခံစားခွင့်မရှိခြင်း
အလွယ်တကူအလိမ်ခံရနိုင်ခြင်း

အပြင်သွားလျှင်တောင်မလွတ်လပ်ဟိုနေုရာ
Check in. ဝင်ခိုင်းဒီနေရာဝင်ခိုင်းအစစ်အဆေးထူခြင်း
ဖုန်းဆက်၍မဖြေလျှင်အကြီးအကျယ်ပြဿနာဖြစ်နိုင်ခြင်း

စိတ်ကောက်လျှင်ဖုန်းဖြင့်နားပူမတတ်ချော့ရခြင်း
အခန့်မသင့်ဖုန်းပူပြီးလောင်လျှင် အသက်အန္တွရာယ်ရှိနိုင်ခြင်း
( အသက်ပေးချစ်ထားရတာပေါ့)

အပြင်မှာတစုံတစ်ယောက်နှင့်အတူရှိနေမှန်းသိသော်ငြား
လက်ပူးလက်ကြပ်မဖမ်းနိုင်သောကြောင့်သိသိကြီးနဲ့
အားမတန်မာန်လျှော့ကာ လက်ခံလိုက်ရခြင်း

ပုံမှန်မောနင်းဂွတ်နိုက်ဂရုစိုက်ပါစကားများပို့ရခြင်းအားပျင်းချင်လာသော်ငြား
မပျင်းရဲခြင်း မပို့ပဲနေမိလျှင်အချစ်လျော့တာလား ပေါ့တာလား
အပြစ်ကြီးများဖြင့်စွဲချက်အတင်ခံရနိုင်ခြင်း



အွန်လိုင်းမှချစ်ရသောအလုပ်သည်တော်ရုံအချစ်ဖြင့်မလွယ် ခန္တီစ သည်းခံခြင်းဖြင့်ပြည့်စုံပြီးနားလည်မှုအပြည့်အချစ်အပြည့်ဖြင့်သာရှေ့ဆက်မှမြဲနိုင်ပါသည်




Just for fan

ခင်မင်လျက်
ကောင်ကလေး
20-03-13,04:35PM

အွန်လိုင်းအချစ်

Posted by : လက်တွဲဖော် 0 Comments
အခုချိန်မှာငါတို့ ချစ်သူနှစ်ယောက်ဝေးကွာနေရတာက ငါတို့ တွေတစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်
ချစ်တယ်ဆိုတာကို ဝေးကွာခြင်းနဲ့ စမ်းသပ်နေတယ်လို့ 
သဘောထားလိုက်ကျရအောင်နော်..........


အခုချိန်မှာငါတို့ ချစ်သူနှစ်ယောက်အလွမ်းတွေကို
ခံစားနေရတာဟာ ငါတို့ အချစ်တွေအပေါ်ဘယ်လောက်
ခံနိုင်ရည်ရှိတယ်ဆိုတာကို အလွမ်းတွေနဲ့ စမ်းသပ်နေတယ်
လို့ တွေးလိုက်ကျရအောင်နော်...........


အခုချိန်မှာငါတို့ ချစ်သူနှစ်ယောက် ပြန်မဆုံနိုင်သေးတာက
နောင်တစ်ချိန်မှာ ငါတို့ တစ်သက်လုံးနီးစပ်ရဖို့ အတွက်
အခုချိန်ကခဏတာ ဝေးကွာနေပေးရတာလို့ သက်မှတ်လိုက်ကျ
ရအောင်နော် ချစ်သူ...............


ငါတို့ တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့ အချစ်က
အချစ်စစ်မှန်ရင် ဝေးကွားခြင်းဆိုတာကငါတို့  အချစ်တွေကို
မတားဆီးနိုင်ပါဘူး ချစ်သူရယ်..................






khin myo aye

ချစ်သူနှစ်ယောက်

Posted by : လက်တွဲဖော် 0 Comments
ဟိုက်...........

ငါ့ သူ့ ကို တ ကယ် ချစ် မိ သွား ပါ လားးးး

ဘယ် လို က နေ ဘယ် လို

အွန် လိုင်း ပေါ် မှာ တွေ့ တဲ့ အ ချစ် ကို

အ စစ် လို့ ထင် ပြီး

သူ့ ကို တ ကယ် ချစ် မိ သွား ပါ လိမ့်...

ဟူးးးးးးးးးးးးးးးးး

စဉ်း စား ရင်း ခေါင်း ကုတ်... ခေါင်း ရှုပ် တော့ မ ခံ တော့ ဘူးးးး

အဲ့ ဒီ အ ချစ် လို့ထင် တဲ့ အ ထဲ ကို

ငါ့ ရဲ့ အ စစ် တွေ့ ထပ် ထည့်...

"သက် ရောက် မှု တိုင်း မှာ တူ ညီ တဲ့ တုန့် ပြန် မှု ရှိ တယ် " ဆို တဲ့

န ယူ တန် ရဲ့ တ တိ ယ နိ ယာ မ ကို လက် ကိုင် ထား ပြီး

မူး ချင် မူး ..ရူး ချင် ရူး

ဆက် ချစ် လိုက် တော့ မယ်...ဒါ ပဲ။ :p

¨*••.¸¸☾☆★¸¸.•*¨*••.¸¸☾☆¸.•*¨*★☆☾

ဝေလင်း (ဖျာပုံ) '

တ ကယ် ချစ် မိ သွား ပါ လားးးး

Posted by : လက်တွဲဖော် 0 Comments

ခဏခဏသွားကြည့်မိတယ်
မက်ဆေ့လေးများရောက်နေမလားလို့

ခဏခဏဖုန်းကိုကြည့်မိတယ်
ဖုန်းများဆက်လေမလားလို့

ခဏခဏမျှော်နေမိတယ်
သူများရောက်လာမလားလို့

လူတယောက် ကိုယ့်ကိုစိုးမိုးသွားတဲ့အခါ
သူအလုပ်ရှုပ်လို့ မက်ဆေ့မပို့နိုင်မှန်းသိလည်းမျှော်နေမိတယ်
မအားလို့ ဖုန်းမဆက်နိုင်မှန်းသိလည်း ဖုန်းကိုကြည့်နေမိတယ်
မလာနိုင်မှန်းသိလည်း စောင့်နေမိတယ်လေ

စောင့်နေမိတယ်လေ

Posted by : လက်တွဲဖော် 0 Comments


ငါအရမ်းခံစားရတယ်
နင်ငါ့ကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့အခါ ...

❥ ငါအရမ်းခံစားရတယ်
ငါ့စေတနာတွေကို နင်ဒေါသနဲ့တုန့်ပြန်တဲ့အခါ ...

❥ ငါအရမ်းခံစားရတယ်
နင့်ဆီက ကြင်နာယုယမှုတွေကို တောင့်တမိတဲ့အခါ ...

❥ ငါအရမ်းခံစားရတယ်
တခြားအရာတွေကို ငါ့ထက်ပိုပြီး နင်ဦးစားပေးတဲ့အခါ ...

❥ ငါအရမ်းခံစားရတယ်
ငါ့ခံစားချက်တွေကို နင်နားလည်မပေးတဲ့အခါ ...

▶ ငါမျက်ရည်ကျတဲ့အခါ ...
......................................
..........................................
စိတ်မကောင်းမဖြစ်ပါနဲ့ချစ်သူ
ငါငိုနေတာမဟုတ်ပါဘူး
ငါ့ရင်ထဲမှာ ပြည့်နေတဲ့ ခံစားချက်တွေ အပြင်ကိုလျှံထွက်လာတာပါ :) ❤ ❤

ငါအရမ်းခံစားရတယ်

Posted by : လက်တွဲဖော် 0 Comments
အချစ်စစ်ဆိုတာ...
*************
ဘယ်လောက်ပဲ စိတ်ဆိုးစရာတွေ ကြုံလာပါစေ။ ကြံဖန်ပြီး နားလည် ခွင့်လွှတ်လေ့ရှိတယ်။ သ၀န်တိုတတ်တယ်။

ကိုယ့်ချစ်သူကို အကောင်းဆုံးတွေပဲ ဖန်တည်း ပေးချင်တယ်။ ချစ်သူအတွက်ဆို ခြေ လက်တွေ ဖြတ်ပေးရမယ် ဆိုရင်တောင် ကြောက်ရွံ့ခြင်းမရှိဘဲ ပျော်ရွှင်နေတတ်တယ်။

ကိုယ့်ချစ်သူကို ဘယ်တော့မှ ကိုယ်ထိလက်ရောက် မရိုက်နှက်ဘူး။ နားလည်မှုတွေ အဆုံးထိ လွဲမှားပြီး လမ်းခွဲဖို့ အကြောင်းပေါ်လာခဲ့ရင်တောင် တစ်ချိန်က ပျော်ရွှင်စွာ ချစ်ပွဲဝင်ခဲ့တာကို သတိရအောက်မေ့ပြီး နားလည်ခွင့်လွှတ်နေတတ်တယ်။

ကိုယ့်ချစ်သူ လိုချင်တာကို ကိုယ့်မှာသာရှိနေခဲ့ရင် အမြဲ ပေးဆပ်ဖို့ အသင့် ဖြစ်နေရမယ်။

ကိုယ့်ဘ၀ တိုးတက်ဖို့အတွက် ဘယ်တော့မှ ကိုယ့်ချစ်သူကို ချမနင်းဘူး။ ဒါတွေနဲ့ ပြည့်စုံရင် ချစ်သူပာာ ပါရမီဖြည့်ဘက်လို အချစ်စစ်မျိုး ဖြစ်ပါတယ်။

ပြည်ငြိမ်း

အချစ်စစ်ဆိုတာ...

Posted by : လက်တွဲဖော် 0 Comments
ငါဟာ.. နင့်အတွက်..
ပထမဆုံးရွေးချယ်ခံရသူ ဖြစ်ချင်မှဖြစ်လိမ့်မယ်..။
ဒါပေမယ့်ထိုက်တန်တဲ့ရွေးချယ်မူတခုတော့ ဖြစ်ရမယ်...။

ငါဟာ..နင့်အတွက်...
ကြွယ်ဝချမ်းသာဆုံးသူ ဖြစ်ချင်မှဖြစ်လိမ့်မယ်..
ဒါပေမယ့်တန်ဖိုးမဖြတ်နိုင်တဲ့လူတော့ ဖြစ်ရမယ်..။

ငါဟာ..နင့်အတွက်...
ဟန်မဆောင်တဲ့သူ ဖြစ်ချင်မှဖြစ်လိမ့်မယ်..
ဒါပေမယ့် အချစ်အတွက်အရိုးသားဆုံးလူတော့ ဖြစ်ရမယ်။

ငါဟာ..နင့်အတွက်...
ချောမောလှပသူ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်...
ဒါပေမယ့်နှလုံးသားအလှဆုံးလူတော့ ဖြစ်ရမယ်..။

◘ငါဟာ.. နင့်ရဲ့ ..
◘ထာဝရအတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ရမယ်။

◘မင်းအလင်္ကာ

ငါဟာ.. နင့်အတွက်..

Posted by : လက်တွဲဖော် 0 Comments
ဖုန်းနံပါတ် တစ်ခုရှိတယ် ...
ဖုန်းထဲမှာ မရှိတော့ပေမယ့်လည်း အမြဲမှတ်မိနေတယ် ...
ဒါပေမယ့် တစ်ခါမှ မဆက်ပေးရဲဘူး ...
တေးသီချင်း တစ်ပုဒ်ရှိတယ် ...
နောက်ထပ်နားထောင်မိမှာကို သိပ်ကြောက်တယ် ..
ဘာကြောင့်လဲဆိုတော့ ... မျက်ရည်တွေကို မထိန်းနိုင်လို့ ပါ ...
အရိပ်တစ်ခုရှိတယ် ...
မေ့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ် ...
ဒါပေမယ့် ပြန်ပြီးသတိရလွမ်းနေမိတာ အချိန်တိုင်းပါပဲ ...

Credit - Jin Li Chao

ဖုန်းနံပါတ် တစ်ခုရှိတယ် ...

Posted by : လက်တွဲဖော် 0 Comments
✹✹ချစ်တယ်
ဒီစကားတခွန်း သူတစ်ယောက်အတွက်ဘဲ ပြောချင်တယ်

✹✹အကြိမ်ကြိမ် မေ့ဖို့ ကြိုးစားခဲ့ဖူးပါတယ် တချိန်က
ဖြစ်သင့်လား မဖြစ်သင့်လားဆိုပြီးလဲ အကြိမ်ကြိမ်တွေးခဲ့ ဖူးပါတယ်

✹✹ပယ်မချနိုင်လောက်အောင် နှလုံးသားက သူကိုချစ်တယ်
တခါတလေ ငါချစ်တဲ့ အချစ်က နင်ကို မွန်းကျပ်စေလား ငါမသိဖူး
ငါနင်ကို ချစ်တာဘဲ သိတယ်


✹✹နောက်ဆုံး ရလဒ် ငါမျှော်လင့်ခဲ့မိတာက နင်နဲ့ နီးရဖို့
အမြဲတွေးနေမိတာက နင်အကြောင်းတွေ
ဒါပေမယ့် ပိုချစ်တဲ့သူက ပိုခံစားရစမြဲဘဲလေ.....




✿✿✿ Poem ✿✿✿

ချစ်တယ်

Posted by : လက်တွဲဖော် 0 Comments
စကားပြောအမှားမခံတဲ့
ဆက်ဆံရေးမျိုးဟာအပေါ်ယံဆက်ဆံမှုမျိုးပါ

စိတ်ညစ်မခံနိုင်တဲ့
သံယောဇဉ်မျိုးဟာ အပေါ်ယံတွယ်တာမှုမျိုးပါ

ဆုံးရှုံးမှာကို ဂရုမစိုက်တဲ့
အချစ်မျိုးဟာ အပေါ်ယံအချစ်မျိုးပါ

လေးနက်တဲ့ဆက်ဆံရေးမျိုးဟာ
စကားပြောအမှားတွေကို သည်းခံနိုင်တယ်

လေးနက်တဲ့သံယောဇဉ်မျိုးဟာ
စိတ်ညစ်တဲ့ဒဏ်ကိုအတိုင်းအတာတစ်ခုထိခံနိုင်တယ်

လေးနက်တဲ့အချစ်မျိုးဟာ
ဆုံးရှုံးရမှာကိုကြောက်ရွံ့တယ်လေ




ခင်မင်လျက်
ကောင်ကလေး
22-03-13,08:44pm

လေးနက်တဲ့အချစ်မျိုးဟာ

Posted by : လက်တွဲဖော် 0 Comments
နင်အားရင် တကြိမ် တခါဖြစ်ဖြစ်
ငါ့ကို ဖုန်းခေါ်ပါ.....

နင်အဆင်ပြေရင် စာတစ်ကြောင်းတလေ ဖြစ်ဖြစ်
ငါ့ကို မက်ဆခ်ျ့ပို့ ပေးပါ.......

နင်အဆင်မပြေရင် ဘယ်ချိန်ဖြစ်ဖြစ်
ငါ့ကို တိုင်ပင်ပါ......

နင်စိတ်ညစ်နေရင် ဘယ်လိုအကြောင်းအရာဖြစ်ဖြစ်
ငါ့ကို ပြောပြပါ......

နင်လိုအပ်တာရှိရင် ဘယ်လိုမျိုးပဲဖြစ်ဖြစ်
ငါ့ကို တောင်းဆိုပါ.....

နင့်အတွက်လိုအပ်တာဖြည့်ဆည်းပေးရင်းနဲ့ 
ငါ့အတွက်ဆိုတာကိုတောင် ငါမေ့နေပါပြီချစ်သူရယ်......

လူတွေပြောတဲ့ ပေးဆပ်ခြင်းဆိုတာ.....
ကိုယ်ပေးဆပ်လိုက်ရတဲ့  ဆုံးရှုံးသွားတဲ့  အရာတွေကိုပြောတာမဟုတ်ပါဘူးချစ်သူရယ်.......
ဒီလို ဖြည့်ဆည်းခွင့်မရပဲ အနားမှာ ဥပေက္ခာတွေနဲ့  ဆက်ဆံခံနေရတာကမှ
တန်ဖိုးမရှိတဲ့ ပေးဆပ်ခြင်းသက်သက်ပါ.........

နင်ငါ့ကို အလိုမရှိသည့်တိုင်အောင်....
ငါနင့်အတွက် အရာရာပေးဆပ်ချင်တဲ့  စိတ်နဲ့  ငါ အသက်ဆက်ရှင်နေဦးမှာပါ....

(ပုံရိပ်စစ်)

လူတွေပြောတဲ့ ပေးဆပ်ခြင်းဆိုတာ.....

Posted by : လက်တွဲဖော် 0 Comments
Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။
ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက်
အရာရာပေးဆပ်ရဲပါတယ်။
“ချစ်တယ်”ဆိုတဲ့စကားတစ်ခွန်းက
တခြားတန်ဖိုးကြီးလက်ဆောင်တွေထက်
တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

မေတ္တာဖြင့် မျှဝေသူ --
~~o¤°``°¤o,¸
~ (....◕¸¸◕....)
oOO—`*´—OOo ကဗျာ
photo -(ツ) My Angel ♥-♥ Hopes (ツ)

Love (ချစ်တယ်)

Posted by : လက်တွဲဖော် 0 Comments
နင်မသိပါဘူးချစ်သူ
တခါတလေ နင်ဖုံးမကိုင်တဲ့အခါ
ငါ့ရင်ထဲမှာဘယ်လောက်ဝမ်းနည်း နေတတ်သလဲဆိုတာကို

နင်မသိပါဘူး ချစ်သူ
နင်ဖုံးမကိုင်တဲ့အခါတိုင်း နံရံကနာရီကို မော့ကြည့်ပြီး 'ဒီ အချိန်အလုပ်ရှုပ်နေလို့ 'ပါဆိုတဲ့ကိုယ့်ကိုကိုယ် နှစ်သိမ့်တဲ့အတွေးတွေးပြီး ကျလုဆဲမျက်ရည်ကို အံကြိတ်ပြန်ရှိုက်လိုက်တာကို

နင်မသိပါဘူးချစ်သူ
နှစ်ကြိမ်လောက်ဖုံးခေါ်ပြီး မကိုင်တဲ့အခါ
ရင်ထဲမှာ နာကျင်လွန်းပြီး
နောက်တစ်ကြိမ်ပြန်ခေါ်သင့် မခေါ်သင့် ဒွိဟဖြစ်ရတဲ့အတွေးကို

နင်မသိပါဘူးချစ်သူ
နင်ဖုံးပိတ်ထားပြီး နေတဲ့အခါ
နင်ဘာဖြစ်နေလဲ ဘာများပြသာနာတက်နေလဲ ဆိုတဲ့အတွေးက ငါ့နှလုံးသားကို ဆွဲဆုတ်နေတာထက် ပိုမွန်းကျပ်တယ်ဆိုတာကို

နင်မသိပါဘူးချစ်သူ
မအားသေးလို့နောက်မှ ဆိုပြီး ပြောသွား
နင်ဖုံးချပစ်လိုက်တဲ့အခါ
ငါဘယ်လောက်အသက်ရှူရခက်လဲဆိုတာ

နငိမသိပါဘူးချစ်သူ
နင့်ဖုံးမအားတဲ့အခါ ဘယ်သူနဲ့များလဲဆိုတဲ့အတွေးက ငါ့ရင်ကိုဘယ်လောက်ပူလောင်စေလဲဆိုတာကို

နင်ဒါတွေတစ်ခုမှမသိပါဘူး
နင်သိတာ ဖုံးပြန်ဆက်မိရင် နင်အရစ်ခံရမယ်ဆိုတာလေ

ဟုတ်ပါတယ်
ငါရစ်မိ ဒေါသထွက်မိပါတယ်
ဒါတွေကလဲ ငါစိုးရိမ်ခဲ့တာတွေ ဖြစ်မလာဘူး
နင်ငါ့ဆီပြန်လာတယ်
ဆိုတဲ့အသိနဲ့ စိတ်တွေလျော့ချပစ်ပြီး
အသိစိတ်နဲငါ့ကိုယ့်ခဏလွတ်သွားလို့ပါ

နင်သိမှာပါ ရန်ဖြစ်ပြီးတိုင်း စိတ်ကောက်ပြီးတိုင်း
နင့်ကိုလွတ်ထွက်သွားမတတ်ဖက်ထား ပြီးငိုမိတာ နင့်ကိုငါအဆုံးရှုံးမခံနိုင်ဘူး ဆိုတာ သေချာသွားလို့ပေါ့
မေခ

နင်မသိပါဘူးချစ်သူ

Posted by : လက်တွဲဖော် 0 Comments
လွမ်းလားတဲ့.....
မေးစရာတောင် မလိုတဲ့ မေးခွန်းပါ
ချစ်သူရယ်....
ချစ်သူဖြစ်ခွင့် မရခင်ကတည်းက
အိပ်ရာထရင် နင့်အကြောင်း
အိပ်ရာဝင်ရင် နင့်အကြောင်း
အိပ်မက်မက်ရင် နင့်အကြောင်း
အဲ့လို စိုးမိုးနေခဲ့တာပါ
ငါ့ရဲ့ အလွမ်းတွေကို စာဖွဲ့ ပြောရင်
လိုက်ရေးရတဲ့သူ လက်ညောင်းသွားလိမ့်မယ်
အစဉ်အမြဲ လွမ်းနေပါတယ်
ချစ်သူရယ်....

❣Sanny Thazin❣

လွမ်းလားတဲ့.....

Posted by : လက်တွဲဖော် 0 Comments
  1. ငါ့ဘဝရဲ့ပျော်ရွှင်စရာတွေနဲ့ကြုံ
    လာရတဲ့အခါအရင်ဦးဆုံးသတိရ
    မိတာ မင်းပါ...

    အားငယ်မှုတွေကြုံတွေ့လာတိုင်း
    ကြားချင်ဆုံးစကားကမင်းဆီက
    "အရမ်းချစ်တယ်"ဆိုတဲ့စကားပါ

    အခုဒီကဗျာလေးရေးနေတာ
    တောင်မင်းကိုသတိရနေတာပါ

    ငါတို့နှစ်ယောက်ဘယ်လောက်
    ပဲအဆင်မပြေဖြစ်ခဲ့ဖြစ်ခဲ့ဘယ်
    တော့မှလက်တွဲမဖြတ်ကြေးနော

    ငါ့ရင်ထဲက အချိုမပေါ့...
    အလေးမခိုး...
    ရေမရောပဲ
    စကားတခွန်းပြောမယ်...
    "မင်းကိုယ်အရမ်းချစ်တယ်"
    ချစ်သူ...





    phoe phyu

မင်းပါ...

Posted by : လက်တွဲဖော် 0 Comments
လူတစ်ယောက် သင့်ကို ဘယ်လောက်ချစ်သလဲဆိုတာ
တခြားအချိန်မှာ သင့်အပေါ်သူဘယ်လောက်ကောင်းတယ်ဆိုတာနဲ့ပဲ ဆုံးဖြတ်လို့မရဘူး
သင်တို့ရန်ဖြစ်ချိန်မှာ သင့်အပေါ် သူဘယ်လိုပြုမူတယ်ဆိုတာကိုလဲ ကြည့်ရသေးတယ်

ယောက်ျားမိန်းမဆက်ဆံရေးမှာ ရန်ဖြစ်တယ်ဆိုတာ ဟင်းချက်တာနဲ့တူတယ်
တချို့ရန်က ရင်ထဲထည့်ထားတဲ့ စကားလုံးတွေကို ပွင့်ထွက်စေတယ်၊ အချင်းချင်းအပေါ် ပွင့်လင်းစေတယ်
တချို့ဟင်းက ကြော်ချက်ပြီးစားရင် ပိုမွှေး၊ ပိုချိုသလိုပေါ့
ဒါပေမယ့် တချို့ဟင်းက ကြာကြာကြော်လို့မရဘူး၊ ကြာကြာကြော်ချက်လေ အာဟာရဓာတ်ပျက်လေ
လူကလည်း မကြာခဏရန်ဖြစ်လေ သံယောဇဉ်ကို ပွန်းရှလေ၊ လှပတဲ့အမှတ်တရတွေကို ပျောက်ပျက်လေဖြစ်စေတယ်
ဒါကြောင့် ဟင်းဆိုတိုင်းလည်း ကြာကြာမကြော်ချက်နဲ့၊ ရန်ဆိုတိုင်းလည်း ခဏခဏမဖြစ်နဲ့
အချင်းချင်းဆက်ဆံရေးဆိုတာ နွေးထွေးမှုကိုထိန်းထားရတယ်၊ ရန်ချည်းဖြစ်နေလို့လည်း ခရီးမပေါက်ပါဘူး.....

မှတ်ချက်....ဟင်းချက်ရင်းနဲ့လည်း ရန်မဖြစ်ကြနဲ့ပေါ့လေ..း)
.
အေးချမ်းမွန်မှ ( Nine Nine Sanay @ နိုင်းနိုင်းစနေ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ဘယ်လောက်ချစ်သလဲဆိုတာ

Posted by : လက်တွဲဖော် 0 Comments
အထီးကျန်ခြင်းက
အနားမှာဘယ်သူမှမရှိလို့ဖြစ်တယ်

အနားမှာလူတွေရှိရက်နဲ့အထီးကျန်ခြင်းက
တစ်စုံတစ်ယောက်ကိုမင်းလွမ်းနေလို့ဖြစ်တယ်

ပျော်စရာတွေရှိနေရက် လူတွေလည်းအနားမှာနေရှိရက်နဲ့
အထီးကျန်နေရင် သေချာတယ်
မင်းသူ့ကိုသိပ်သတိရနေတယ် ။ ။




ခင်မင်လျက်
ကောင်ကလေး
04-03-13,11:38Pm

အထီးကျန်ခြင်းက

Posted by : လက်တွဲဖော် 0 Comments
တစ်ယောက်နဲ့တစ်ယောက်
ချစ်ခင်နှစ်သက်လို့ပေးတဲ့လက်ဆောင်ဆိုတာ
ပစ္စည်းရဲ့တန်ဖိုးနဲ့ ချစ်ခြင်းကိုသတ်မှတ်လို့ မရပါဘူး...
ကိုယ်ချစ်တဲ့သူအပေါ်မှာ
စိတ်တွေဘယ်လောက်နှစ်ပြီးချစ်ထားလဲ ဆိုတဲ့အပေါ်မှာဘဲ မူတည်ပြီး
ချစ်သူပေးတဲ့လက်ဆောင်ပန်းတစ်စည်းက
အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေနဲ့
မနက်ဖန်တိုင်းမှာ
ချစ်ခြင်းကို ရှင်သန်စေပါတယ်..

credit to PannYai Lay

လက်ဆောင်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments
တချို့ တွေက ချစ်လျှက်နဲ့ ကွဲကြတယ်
မာနကတွေ ကိုရှေ့မှာထားလို့ လေ....။

တချို့ ကျ ကွဲလျှက်နဲ့ ချစ်ကြတယ်
သံယောဇဉ်ကို ရှေ့မှာထားလို့ လေ...။

တချို့ ကျတော့လဲ မုသားတွေကြောင့်
ကွဲခဲ့ကြတယ်..............................။

တချို့ ကျတော့လဲ မဆုံစည်းနိုင်မှန်
သိရက်နဲ့  နားလည်မှုနဲ့  ခိုင်မြဲကြတယ်။

ဒါပေမဲ့ ...

ဘယ့်လို တွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့
ဘ၀ဆိုတာထပ်တူပါပြီးသားလေ..။

တချို့ တွေက

Posted by : လက်တွဲဖော် 0 Comments
သက်ပြင်းတခါချရင် ရုပ်ကျတယ် အသက်တိုတယ်ဆိုပြီး
လူကြီးတွေ ပြောကြတယ်

ဘယ်သူမှ သက်ပြင်းမချ ချင်ပါဘူး

ဒါပေမယ့်
တခါတလေ လူတယောက် စိတ်ညစ်မှာစိုးလို့  ဟန်ဆောင်ပန်ဆောင် ငြင်းလိုက်ရတာမျိုး ရှိတယ်

ပြီးရင်တော့ ဟန်ဆောင်ပန်ဆောင် ပြုံးမိလိုက်တယ်

ဒါပေမယ့် အဲဒီ အပြုံးထဲမှာတော့ မျှော်လင့်ခြင်းတွေ ဝမ်းနည်းမှုတွေ ရင်ထဲ ငိုကြွေးမှု တွေ ကိုတော့ ထွေးပိုက်ထားတတ်ကြတယ်

ရင်ထဲ အရမ်းပြည့်ကျပ်လွန်းလို့ မခံနိုင်တဲ့ အဆုံး လေပူလေးတချက် အပြင်ကို ထုတ်လိုက်ကြတယ်

အမြဲတမ်းရင်ထဲ ဝမ်းနည်းနေတာထက်စာရင် အပြင်ကို သက်ပြင်းလေး တချက် ထုတ်လိုက်ရင် ရင်ထဲ ခဏတာတော့ သက်သာသွားတာအမှန်ဘဲ~~


( ဇင် နှင်း )

ဘယ်သူမှ

Posted by : လက်တွဲဖော် 0 Comments
ချစ်တယ်ဘယ်လိုပြောပြော
နူးညံ့တဲ့နှလုံးသားမရှိတဲ့သူဟာ သင့်ကိုကြင်နာဖို့သိပ်ခက်သူပါ

ချစ်တယ်ဘယ်လိုပြောပြော
မျှမျှတတမတွေးပေးတတ်တဲ့သူဟာ သင့်ကိုနားလည်ပေးဖို့သိပ်ခက်သူပါ

ချစ်တယ်ဘယ်လိုပြောပြော
အတ္တကြီးတဖက်စွန်းရောက်တဲ့သူဟာ သင့်ကိုစိတ်ချမ်းသာမှုပေးဖို့မသေချာတဲ့သူပါ

ချစ်တယ်ဘယ်လိုပြောပြော
အပျော်အပါးလိုက်စားတတ်တဲ့သူဟာ သင့်ကိုအကောင်းဆုံးသစ္စာရှိဖို့ခက်ခဲတဲ့သူပါ

ချစ်တယ်ဘယ်လိုပြောပြော
လိမ်ညာတတ်တဲ့အကျင့်ရှိတဲ့သူဟာ သင့်အတွက်အမှန်တရားရှားပါးတဲ့သူပါ

ချစ်တယ်ဘယ်လိုပြောပြော
လူတယောက်ကိုဘယ်လိုချစ်ရမယ်ဆိုတာ ကောင်းကောင်းမသိတဲ့သူဟာ
သင့်ကိုစိတ်ညစ်စေနိုင်သူပါ

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား အကျင့်ဆိုတာ
ပြုပြင်ဖို့သိပ်ခက်တဲ့အမျိုးပါ
မချစ်ခင်လေ့လာပါ ကိုယ့်ကိုချစ်လို့သူပြုပြင်မယ်ဆိုတာသိပ်ခက်ပါတယ်
ချစ်လို့လက်ခံမယ်ဆိုရင်တောင် တသက်လုံးလက်ခံနိုင်ပါ့မလား??

ရုပ်ရည်နဲ့ပြည့်စုံမှုကိုပဲဦးစားပေးတအားမကြည့်ပါနဲ့
နှလုံးသားသက်သက်နဲ့လည်း လူတယောက်ကိုမဖတ်ပါနဲ့
ဦးနှောက်နဲ့တွဲဖတ်ပါ စိတ်ထားကိုဖတ်ပါ ၊
အဲဒါမှ စိတ်သဘောထားကိုမကြိုက်လို့ ၊အကျင့်စာရိတ္တကိုမကြိုက်လို့ဆိုပြီး
လမ်းခွဲရခြင်း ရည်းစားတွေများရခြင်းမှ ရှောင်ကြဉ်နိုင်မှာပါ

စိတ်ထားလည်းအထင်ကြီးနိုင်
တခြားအချက်တွေလည်း ကိုယ်ချစ်နိုင်တယ်ဆိုရင်တော့
အကောင်းဆုံးပေါ့ ။ ။




ခင်မင်လျက်
ကောင်ကလေး
03-03-13,09:42pm

ချစ်တယ်ဘယ်လိုပြောပြော

Posted by : လက်တွဲဖော် 0 Comments
ပြောစရာစကားတွေရှိတယ် မေးမဲ့လူကမရှိဘူး
မေးတဲ့လူကရှိတယ် ပြောချင်တဲ့လူမဟုတ်ဘူး

တွေ့မဲ့လူကရှိတယ် မြင်ချင်တဲ့လူမဟုတ်ဘူး
မြင်ချင်တဲ့လူရှိတယ် တွေ့လို့မရဘူး

ကိုယ်ကချစ်တဲ့သူနဲ့ကိုယ့်ကိုချစ်တဲ့သူ
ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကချစ်တဲ့သူလွဲချော်နေခြင်းဟာ
အချစ်မှာသိပ်ကိုဆိုးရွားတဲ့လွဲချော်ခြင်းပဲ

ဒါပေမဲ့အဲဒီလွဲချော်ခြင်းကို
ကျနော်တို့တည့်မတ်ဖိုမကြိုးစားကြဘူး
လွဲတဲ့အတိုင်းကိုပဲကျနော်တို့ ဆက်ချစ်နေကြတယ်လေ ။ ။




ခင်မင်လျက်
ကောင်ကလေး
03-03-13,08:01pm

ဒါပေမဲ့အဲဒီလွဲချော်ခြင်းကို

Posted by : လက်တွဲဖော် 0 Comments
မတည်မြဲဘူးလို့  ပြောနေကျတဲ့  လောကကြီးထဲမှာ...

ငါတို့ နှစ်ယောက် အချစ်တွေတည်မြဲဖို့ အတွက်

ကြိုးစားလိုက်ရတာ.... ... နောက်ဆုံးတော့

ငါ့နှလုံးသားလေးသာ နာကျင်မှုတွေ နဲ့  ကျန်ခဲ့တယ်

နင်ကတော့ ဒဏ်ရာတွေပေးပြီး ပျောက်ဆုံးသွားလိုက်တာ

အခုချိန်ထိပါပဲလား............... ချစ်သူရယ်




khin myo aye

အခုချိန်ထိပါပဲလား...

Posted by : လက်တွဲဖော် 0 Comments
✿ သင့်ကို သ၀န်မတိုတတ်တဲ့ချစ်သူဟာ သင့်အပေါ်တကယ်ချစ်လို့ နားလည်ပေးတာ မဟုတ်ဘူး ...

ဘယ်လောက်ပဲ တည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်ပါစေ အချစ်နဲ့ပတ်သက်ရင်တော့ သ၀န်တိုတတ်ကြတယ်!!

✿ သင်ပူဆာသမျှ ၀ယ်ပေးတဲ့ချစ်သူဟာ သင့်အပေါ် အရမ်းချစ်လို့ အလိုလိုက်တာ မဟုတ်ဘူး ...

သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ သင်တောင်းသမျှ မ၀ယ်ပေးပေမယ့် အသုံးနဲ့ အဖြုန်းခွဲခြားတတ်အောင် သင်ပေးတတ်တယ်!!

✿ သင့်ကို ငိုကြွေးအောင်လုပ်ပြီးမှ မျက်ရည်သုတ်ပေးတတ်တဲ့ ချစ်သူဟာ သင့်ကို တကယ်ချစ်တာမဟုတ်ဘူး ....

သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ သင့်ကို ဘယ်တော့မှ မျက်ရည်ကျအောင် မလုပ်ဘူး!!


♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

သင့်ကို တကယ်ချစ်တဲ့သူဆိုတာ ...

✿ ရန်ဖြစ်တိုင်း သူ့ဘက်က စခေါ်ဖို့ ၀န်မလေးဘူး ...

✿ သူမှားမှားမှန်မှန် တောင်းပန်ဖို့လည်း ၀န်မလေးဘူး ...

✿ သင့်ကို ဒေါသထွက်နေတဲ့အချိန်မှာတောင် သူ့မျက်ဝန်းတွေက နူးညံ့နေတတ်တယ် ...

✿ ဘယ်လောက်ပဲ တည်ငြိမ်ရင့်ကျက်နေပါစေ သင့်ရှေ့ရောက်ရင်တော့ ကလေးတစ်ယောက်လို ဖြစ်သွားတတ်တယ် ...



★ Thu Thu Lay ★

( Heart Canteen )

သင့်ကို

Posted by : လက်တွဲဖော် 0 Comments
♥♥ ချစ်မိရင် ....

(၁) ပထမဆုံး ကိုယ့်ပုံစံကို ပြောင်းလဲချင်စိတ်တွေပေါက်လာတာပါပဲ။

အရပ်ပုတဲ့လူက ရှည်ချင်လာတယ်။ အသားမည်းတဲ့ လူက ဖြူချင်လာတယ်။
အ၀တ်အစား ၀တ်တာအဆီအငေါ်မတည့်ဖြစ်ရင်သူ့ ရှေ့ ကျမှ ပိုရှက်မိတယ်။
ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ ထင်လာမိတယ်။
ကိုယ်ရဲ့ မကောင်းကွက်တွေကိုသိသွားမှာ ကိုယ့်ကို အထင်သေးသွားမှာ သေမလောက်ကြောက်တယ်။

(၂) သူ့ လိုအပ်တာကို ဖြည့်ဆည်းပေးချင်စိတ်တွေဖြစ်လာတယ်။

သူလိုချင်တာမှန်သမျှ ပိုက်ဆံရှိရှိမရှိရှိအကုန်ဝယ်ပေးချင်တော့တာပဲ။
ကိုယ်ပေးတာလေးတစ်ခုသူကြိုက်တယ်ဆိုရင် ၀မ်းသာမိတယ်။
သူက ကိုယ့်ကို အားကိုးတာကို သဘောကျတယ်။

(၃) သူ့ အပေါ်ပိုပွင့်လင်းလာတယ်။

သူ့ ကို ကိုယ့်အကြောင်းတွေမမေးဘဲပြောပြချင်မိတယ်။
ကိုယ်ချစ်တဲ့သူကို ယုံကြည်တဲ့ စိတ်ကြောင့် ကိုယ်သူငယ်ချင်းတွေကို မပြောပြမိတာတွေ၊
တခြားလူတွေကို ဖုံးကွယ်ထားတာတွေတောင်ပြောပြမိတယ်။
ကိုယ်လုပ်တဲ့အသေးအမွှားလေးတွေက အစ တခုတ်တရပြောပြမိနေတယ်။

(၄) တိုက်ဆိုင်မှုလေးတွေမှာ ပျော်တတ်တယ်။

သူနဲ့ ကိုယ်နဲ့ တိုက်ဆိုင်မှုတစ်ခုခုရှိတယ်ဆိုရင် အရမ်းပျော်တယ်။
ဥပမာ သူကော်ဖီကြိုက်လို့ ကိုယ်ကော်ဖီကြိုက်တယ်ဆိုတာမျိုး။
ကြောင်ချစ်တတ်တာတူတာမျိုးပေါ့။ အမှတ်တရလေးတွေကို တမင်ဖန်တီးချင်စိတ်ပေါက်လာတယ်။

(၅) သူ့ အနားမှာနေချင်တယ်။

သူ့ မျက်နှာလေးကို စက္ကန့် တိုင်းနီးပါးကို မြင်ချင်မိတယ်။
သူမသိဘဲနဲ့ လည်း ခိုးကြည့်ချင်တယ်.။
သူနဲ့  လမ်းလျှောက်ရတာ ပျော်တယ်။
သူနဲ့ အခုပဲ လမ်းခွဲတာတောင် ချက်ချင်းပြန်တွေ့ ချင်စိတ်တွေ ဖြစ်လာတယ်။

(၆) သူ့ ကိုအကာအကွယ်ပေးချင်စိတ်တွေပေါ်လာတယ်။

သူ့ ကို နေပူနေတာတောင် ကိုယ့်အတွက်တစ်ခုခု အကြီးအကျယ်စိုးရိမ်စရာလိုမျိုးဖြစ်နေတယ်။
လမ်းကူးတဲ့ အခါကိုယ့်ကိုယ်ကိုထက်သူ့ ကို သတိထားမိနေတာမျိုးဖြစ်နေတတ်တယ်။

(၇) သူ့  ရင်ထဲမှာတစ်ယောက်ယောက် ကြိုရှိနေမှာ၊ရည်းစားရှိနေမှာကိုစိတ်ပူတယ်။

သူနဲ့ ခင်မင်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကြားမိတဲ့အခါမျိုးမှာ ရင်ထဲမှာပူ သွားတယ်။
သူ့ မှာရည်းစားရှိမရှိကို မဖြစ်မနေစုံစမ်းတော့မယ်။

(၈) သူပျော်စေချင်တယ်။
သူရီရင်လောကကြီးတစ်ခုလုံးလှသွားတယ်။ ရီစရာတွေလျှောက်ပြောတယ်။
အချစ်ရဲ့ လူရွှင်တော်ကြီးဖြစ်ချင်လာတယ်။ သူ့ ကိုစ တယ်။
သူ့ နဲ့ ရန်ဖြစ်တမ်းကစားရတာပျော်တယ်။
သူ စိတ်ဆိုးမှာလည်း စိုးရီမ်မိတယ်။
ကိုယ်ရဲ့ အပျော်တွေအားလုံးကိုလည်း သူနဲ့ အတူပဲ ခံစားချင်တယ်။

(၉) သူနဲ့ ပတ်သက်ရင်အစိုးရီမ်ကြီးလာတယ်။

ချိန်းထားရင်လွဲသွားမှာစိုးတယ်။ တွေ့ ရမယ့်နေ့ မတွေ့ ရမှာစိုးတယ်။
သူကိုယ့်ကို တုံ့ ပြန်လာမယ့်အဖြေဟာဘာလဲဆိုတာ စိတ်မောရတယ်။

(၁၀) သူ့ အကြောင်းတွေးမိတာ ခဏ ခဏ ရှိပြီဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိနေတယ်။

မလုံမလဲ စိတ်လည်းဖြစ်နေတယ်။
လူတွေကိုလည်းဘာမှ မဆိုင်ဘဲနဲ့ သူ့ ကောင်းကြောင်းတွေလျှောက်ပြောမိတယ်။
လူတွေက သူနဲ့ စ ရင်ရှက်ပေမယ့် ရင်ထဲမှာ ၀မ်းသာပီတိဖြစ်မိတယ်။

(၁၁) ချစ်ရင်အပြစ်မမြင်ဘူးဆိုတာ ဟုတ်မယ်။

သူ့ ကို ကြံဖန်အကောင်းမြင်တယ်။
အရမ်းတော်တယ်လို့ ထင်မိတယ်။ သူ့ အားနည်းချက်ကိုကျ ကြံဖန်သနားနေတယ်။
သူ့ ကောင်းကြောင်းကိုတစ်ယောက်ယောက်က ပြောရင် ကိုယ်က ၀မ်းသာရုံလောက်တင်မကဘူး
ကိုယ့်ကို ချီးကျူးခံရတဲ့အတိုင်း ဘာမဆိုင်ညာမဆိုင်ဝင်ပြီး ဂုဏ်ယူမိတယ်။

(၁၂) တစ်လောကလုံးကို သူနဲ့ ဆက်စပ်တွေးနေမိတယ်။

မိန်းကလေးတွေ(သို့)ယောကျာ်းလေးတွေကို တွေ့ ရင်သူ့ ကိုသတိရတယ်။
သူပြောဖူးတဲ့ စကားလေးတွေကို အကြောင်းတိုက်ဆိုင်တိုင်းပြန်ကြားနေတယ်။
သူကြိုက်တတ်တဲ့ ပစ္စည်းလေးတွေကို ဂရုတစိုက်ရှိနေမိတယ်။
ဥပမာ..သူကြိုက်တတ်တဲ့ စာအုပ်လေးတွေမြင်ရင် သူ့ ကိုသတိရတယ်။
ဟော ..ဒီစာ ဖတ်ရင်းနဲ့ တောင် သူ့ ကို သတိရမိသွားတယ်။

ချစ်မိရင် ....

Posted by : လက်တွဲဖော် 0 Comments
နင် ပေးဆပ်နေပါတယ် ဆိုတဲ့ အချစ်နဲ့ ...
ငါ တောင့်တနေတဲ့ အချစ်စစ်က
မျဉ်းပြိုင်နှစ်ကြောင်း ဖြစ်နေပြီ.... တဲ့လား..

နားလည်မှု ဖြတ်မျဉ်းလေး ဖန်တီးရအောင်... ဆိုတော့
နင်မှ လက်မခံဘဲ...

နင်နဲ့  ငါ မတန်ဘူး... ဆိုတာ
နင့်ဘဝ လိုအပ်ချက်တွေကြောင့် မဟုတ်ပါဘူး..
ငါ့အချစ် နင် တန်ဖိုးမထားလို့ ...

ငါ..........
အကောင်းဆုံးလူကို ချစ်သူ မတော်ချင်ဘူး...
အချစ်ဆုံးသူကိုပဲ အကောင်းဆုံး ဖြစ်စေချင်တာ...

တော်ပါတော့ဟာ......
ပျော်ရွှင်နိုင်ဖို့  ဆိုတာလည်း
မျှော်မနေနဲ့ ..... လျှော်ပစ်လိုက်တော့...

ငါတို့  ဆက်မိုက်နေဖို့ လည်း ခံနိုင်ရည်က ခွင့်မပြုတော့ဘူး...

တစ်ခုတော့ မှတ်သွား... တစ်ချိန်က လူ..

ငါ့အတွက် ယောက်ျားရှားတာ မဟုတ်ဘူး...
ရှားပါးတဲ့ အချစ်နဲ့  နင့်ကိုချစ်ခဲ့မိလို့ ...
ငါ အရာရာ သည်းခံခဲ့တာ...
သို့ သော်... အတိုင်းအတာ တစ်ခုအထိပဲပေါ့.....

^Chuu Lay^

Heart Canteen

နင် ပေးဆပ်နေပါတယ်

Posted by : လက်တွဲဖော် 0 Comments
အရမ်းတော်ပါတယ်ဆိုတဲ့
ယောင်္ကျင်္ားတယောက်ရဲ့နောက်
မှာ ယုယကြင်နာတတ်တဲ့မိန်းမ
တယောက်တော့လိုအပ်မှာပါပဲ

အရမ်းထက်မြက်တဲ့မိန်းမ
တယောက်ရဲ့နောက်မှာမွန်းကြပ်
မှုတွေကြုံလာတဲ့အခါ မှီတွယ်
ရင်ဖွင့်ဖို့ယောကျာင်္းတယောက်
လိုအပ်တာပါပဲ...

အထီးကျန်တယ်ဆိုတာ တခါ
တလေပဲကောင်းပါတယ်...

ဘဝကိုယ်ဖြတ်သန်းတဲ့နေရာမှာ
လက်တွဲပေါ်ကောင်းတယောက်
ဆိုတာလိုအပ်ကြတာပါပဲ...





phoe phyu

ယောင်္ကျင်္ားတယောက်

Posted by : လက်တွဲဖော် 0 Comments
ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက ...

၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ ...
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ ...
အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ...)

၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ ...

၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ ...

၎)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ ...

၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ ...(ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ...)

၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ ...သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ ...

၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ ...အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့  ရဲဝင့်စွာကြွေးကြော်တတ်သူ ...

၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ...
(သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ...)

၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက် လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ ...
(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)

၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ...
( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ ...)

ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ

Posted by : လက်တွဲဖော် 0 Comments
ယောက်ကျားလေးတယောက်သင့်အပေါ်
ဘယ်လောက်စိတ်ရှည်လဲသိချင်ရင်
သူ့တို့အလုပ်ရှုပ်တဲ့အချိန် နဲနဲလေးရစ်ကြည့်ပါ
ဘယ်လောက်သင့်ကိုစိတ်ရှည်နိုင်လဲဆိုတာ သိပါလိမ့်မယ်

မိန်းခလေးတယောက် သင့်အပေါ်
ဘယ်လောက်သည်းခံနိုင်သလဲသိချင်ရင်
သူတို့စိတ်ညစ်တဲ့အချိန် မဆိုစလောက်လေးရစ်ကည့်ပါ
ဘယ်လောက်သင့်အပေါ်သည်းခံနိုင်သလဲဆိုတာ သိပါလိမ့်မယ်

လူတစ်ယောက်သင့်အပေါ်ဘယ်လောက်စိတ်ရှည်တယ်
သည်းခံတယ်ဆိုတာသာမာန်အချိန်မှာတော့မသိသာဘူး
အလုပ်ရှုပ်ချိန် ၊ စိတ်ညစ်တဲ့အချိန်မှသိသာတယ်

ယောက်ကျားလေးတယောက် အလုပ်ရှုပ်နေချိန်တောင်
သင့်အပေါ်စိတ်ရှည်လက်ရှည်ချစ်နိုင်တယ်ဆိုရင်
မိန်းခလေးတယောက်ကလည်း စိတ်ညစ်ချိန်တောင်
သင့်အပေါ် သည်းခံနိုင်တယ်ဆိုရင်သူဟာ
တကယ်သင့်ကိုနားလည် သည်းခံနိုင်တဲ့လက်တွဲဖော်တယောက်ပဲ

ဘာလို့လဲဆိုတော့ ယောက်ကျားလေးအတော်များများက
အလုပ်ရှုပ်ချိန်စိတ်မရှည်တတ်ကြသလို
မိန်းခလေးအတော်များများကလည်းစိတ်ညစ်တဲ့အချိန်
နားလည်သည်းခံပေးဖို့ခက်ခဲတတ်ကြတယ်လေ




မှတ်ချက် ။ ။အမြဲတော့အလုပ်ရှုပ်တဲ့အချိန် ၊ စိတ်ညစ်တဲ့အချိန်မရစ်ပါနဲ့
သိချင်ရုံသက်သက်ဆိုလုံလောက်ပါတယ်



ခင်မင်လျက်
ကောင်ကလေး
28-02-13,06:27pm

နားလည်သည်းခံပေးဖို

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -